Header image
I Love Mom & Dad.
  
 

 
 


 
 

Welcome message

 

This website is intended to share the information of our lovely daughter, May Manaw Phyu. Her name is given by Dr. Tin Bo Bo. (Thanks to Sayar Tayy Aye Yate and Sayar Phone Singa for their advices for her lovely name.)

She was born on 04 February 2010, Thursday. You are welcome to visit again at anytime to check out how she is growing.

 

 

ဆောင်းပါးရေးပေးသော ကိုစိုးမိုးထွန်း (ဗေဒင်ပညာသုတေသီ)ကို အထူးကျေးဇူးတင်ရှိပါသည်။

 

ကလေးသူငယ်များ    နှင့်   ကောင်းကင်ဂြိုဟ်များ    ဆက်သွယ်မှု

 

ကလေးသူငယ်တွေအပေါ် ကောင်းကင်ဂြိုဟ်တွေ လွှမ်းမိုးခြယ်လှယ်မှုကို စိတ်ကူးဆက်စပ်ပြီး

ရေးသားတင်ပြပေးလိုက်ပါတယ်။ ဒီဆောင်းပါးကတော့ ကျွန်တော့်မိတ်ဆွေကြီး ကိုယ်ဝန်န…..အဲလေ  ..ကိုဝဏ္ဏ အတွက် နဲ့ သမီးငယ်လေးအတွက် ဖြစ်ပါကြောင်း ။

 

ကောင်းကင်ဂြိုဟ်များ   နှင့်    နာမည်များ

 

ကောင်းကင်ဂြိုဟ်တွေရဲ့ လူသားတွေအပေါ် လွှမ်းမိုးခြယ်လှယ်မှုကို စုံစမ်းထောက်လှန်းတဲ့ နေရာမှာတော့ နာမည်တွေ ဟာ  စုံထောက်ကြီး ရှားလော့ဟုမ်းမ် အလား ..၊ သို့တည်းမဟုတ် ကွယ်လွန်သူ ဆရာမင်းသိင်္ခရဲ့ ဆားပုလင်းနှင်းမောင်အလား  အစွမ်းထက်လှပါတယ်။ နာမည်တွေက တစ်ဆင့် လူတစ်ယောက်ရဲ့ စိတ်နေစရိုက် ၊ နေပုံထိုင်ပုံ ၊ ပြုမူတတ်သောသဘာဝ၊ ဘ၀စတိုင် နဲ့ သေပုံသေနည်း အထိ ဥာဏ်ရှိသလို စုံစမ်းထောက်လှမ်း သိရှိနိုင်ပါတယ်။ အဲဒီ့လိုပါပဲ လူတွေရဲ့ ရှေ့အနာဂတ် ၊ ဘ၀ရည်မှန်း ချက်တွေကိုလည်း နာမည်တွေကတစ်ဆင့် ဖော်ပြပေးနေကြပါတယ်။ အရှေ့တိုင်းဗေဒင် ပညာတစ်ခုဖြစ်တဲ့ မြန်မာ့မဟာဘုတ် ဗေဒင်ပညာမှာတော့ နာမည်တွေအပေါ် ဂြိုဟ်တွေ က လွှမ်းမိုးပုံကို သက်ဆိုင်ရာ ဂြိုဟ်အလိုက် ဆက်နွယ်ရာ ဗျည်းသရများ  နဲ့ ခွဲခြားဖော်ပြ ထားကြပါတယ်။ မြန်မာလူမျိုးအများစု အနေနဲ့ သိရှိကြပြီး ဖြစ်ပါတယ်။

 

ဥပမာအားဖြင့်  ….

တနင်္ဂနွေ        သည်       အ၊ ဥ အက္ခရာ များ နဲ့  ဆက်နွယ်မှုရှိနေပါတယ်။

တနင်္လာ         သည်       က၊ ခ၊ ဂ၊ ဃ၊ င   ….

အင်္ဂါ              သည်       စ၊ဆ၊ဇ၊ဈ၊ည…………… စသည်ဖြင့် ဆိုပါတော့။

 

အဲဒီ့လိုဆက်နွယ်နေကြောင်း  …ဖော်ပြပေးခဲ့တဲ့ရှေးပညာရှိများကို ကျွန်တော်တို့သည်နေရာက နေပဲ ရှိခိုးဦးညွှတ်မှုပြုရပါမယ်။ ဘာလို့လည်း ဆိုတော့ သူတို့ကျေးဇူးကြောင့်သာ ..ဒီယနေ့ နာမည်တွေနဲ့ ပတ်သက်ပြီး များစွာသော လေ့လာစူးစမ်းရှာဖွေနိုင်မှုနဲ့  အကျိုးရှိစွာအသုံးပြုနိုင်မှုကို ကျွန်တော်တို့ ရရှိနိုင်ကြလို့ဖြစ်ပါတယ်။ တစ်ကယ်တော့ သူတို့သာ လေ့လာရှာဖွေဖော်ထုတ်မပေးခဲ့ရင်  ဒါတွေဟာ အင်မတန်  ရှာဖွေရခက်ခဲတဲ့ နက်နဲလွန်းလှတဲ့ လောကသဘာဝ အစိတ်အပိုင်းတွေ ဖြစ်နေလို့ပါပဲ ။

 များစွာသော လူအများစုကတော့ ဒီအချက်ကို သတိမမူမိကြပါဘူး။ လွယ်လွယ်ကူကူပဲ သိလွယ်လွယ်ကူကူပဲ သဘောပိုက်မိထားကြပါလိမ့်မယ်။ ကျွန်တော်ကိုယ်တိုင်  သရတစ်ခုကိုဘယ်ဂြိုဟ်က လွှမ်းမိုးထားတယ် ဆိုတဲ့အချက်ကို နှစ်နဲ့ချီအောင်လေ့လာမှတ်တမ်းတင်ခဲ့ပြီး မှ ခွဲခြားနိုင်ခဲ့တာမို့ …ဗျည်းတွေကို ဂြိုဟ်တွေက ခွဲခြား အုပ်စိုးထားပုံကို အားလုံးသိနိုင်အောင် အလွယ်တစ်ကူ  ဖြန့်ဝေပေးခဲ့တဲ့ ဆရာသခင်တွေကို  အင်မတန်ကျေးဇူးတင်  ကြည်ညိုမိလှပါတယ်။

ဆိုတော့  နာမည်တွေမှာပါတဲ့ ဗျည်းတွေ သရတွေအရ ဂြိုဟ်တွေက လွှမ်းမိုးခြယ်လှယ်နေကြ ပြီး သက်ဆိုင်ရာနာမည်တွေအလိုက်   ဆိုင်ရာ လူသားတွေမှာလည်း ကောင်းကျိုးဆိုးပြစ်အားသာချက် အားနည်းချက် တွေ ကို ဖြစ်ပွားလာစေနိုင်ကြောင်း တွေ့ရှိကြရပါတယ်။ ဒီအချက်ကို စစ်ဘုရင် နပိုလီယံ ကို နာမည်စာလုံးပေါင်း ပြောင်းလည်းစေခဲ့တဲ့ သာဓက တစ်ခုလည်းရှိပါတယ်။

 ဒါကြောင့် ဆိုင်ရာ လူမျိုးနွယ်စုအလိုက် ကာလဒေသအလိုက် နာမည်တွေနဲ့ ကောင်းကင်ဂြိုဟ်တွေဆက်စပ်မှု ရှိနေကြပုံကို ရှေးပညာရှင်အမြောက်အများကပင် ဂရုပြုမှတ်တမ်းတင်ခဲ့ကြပြီးဖြစ်ကြပါတယ်။ ဒီနေ့ခေတ် ကျွန်တော်တို့တွေ ကကော ဘာတွေများ ဆောင်ရွက်နိုင် စူးစမ်းရှာဖွေ သုတေသနပြုနိုင်ခဲ့ပြီလည်း ။ ကျွန်တော်တို့အပေါ်မှာပဲ များစွာ မူတည်နေပါလိမ့်မယ်။

 

 နာမည်များ       နှင့်     ကလေးသူငယ်များ

 ကလေးသူငယ်လေးတွေ ဆိုတာကတော့ အရောင်ဆိုးရလွယ်ကူတဲ့ အသစ်ချပ်ချွတ်လူသားပေါက်စလေးတွေပါ။ သူတို့ကို နာမည်တွေက ပိုမို ထိရောက်စွာ လွှမ်းမိုးခြယ်လှယ်လေ့ရှိကြပါတယ်။ ဒါကြောင့်လည်း ကလေးသူငယ်တွေမှာ နာမည်ပြောင်းလည်းပြုပြင်ရတာ ပိုမိုလွယ်ကူလေ့ ရှိကြောင်း တွေ့ရှိရပါတယ်။ လူကြီးတွေမှာတော့ နာမည်တစ်ခုက အချိန်အတန်ကြာ လွှမ်းမိုးလာခဲ့ပြီးမှ နာမည်သစ်တစ်ခုကို ပြောင်းလည်းလိုက်တဲ့အခါမှာ မူလနာမည်ရဲ့ လွှမ်းမိုးမှုကို တော်တော်နဲ့ မဖယ်ရှားပစ်နိုင်ပဲ ငြိတွယ်နေတတ်ပါတယ်။ တနည်းအားဖြင့် နာမည်ဟောင်းရဲ့ အာနိသင်တွေက စွဲထင်ကျန်ရစ်နေတတ်ပါတယ်။

ဆယ်နှစ်လောက်ချစ်လာတဲ့ရည်းစား  တစ်ရက်ထဲနဲ့ မေ့လို့မရသလိုဆိုပါတော့။

(မှတ်ချက်။ ကြာရင်တော့မေ့ပါတယ်။ အကြောင်းတိုက်ဆိုင်လို့ သတိရရုံလောက်မှအပဆိုပါတော့။ )

 

အဲဒီ့လိုပါပဲ နာမည်ဟောင်းတွေကိုလည်း မေ့ဖျောက်ပြောင်းလည်းပြီး နာမည်သစ်တွေရွေးခြယ်ရယူနိုင်ကြပါတယ်။ ဇွဲရှိဖို့တော့ လိုပါမယ်။ ဒါကြောင့်လည်းပဲ နာမည်ကို စတင်မှည့်ခေါ်ပြီ ဆိုကတည်းက သင့်မသင့် ၊ ဥပဒ်ကင်းမကင်း ဘေးဖြစ်မဖြစ် ဆန်းစစ်မှု ပြုပြီးမှ ကလေးသူငယ်ဘ၀ထဲက စတင်အခြေချမှည့်ခေါ်လေ့ရှိကြတာပါ။

ကလေးသူငယ်တွေအပေါ် နာမည်တွေက ဘယ်လို လွှမ်းမိုးမှုပြုပါသလဲ ……..

ဒီအချက်က စိတ်ဝင်စားစရာကောင်းသလို ကျွန်တော်နှစ်ပေါင်းများစွာ လေ့လာစူးစမ်းခဲ့တဲ့ အချက်တစ်ခုလည်းဖြစ်ပါတယ်။

 

နာမည်တစ်ခုကို အသေးစိတ်ခွဲခြားရင် အချက်တွေအများကြီး ခွဲခြားရပါလိမ့်မယ်။

ဆန်းပညာမှာ နာမက္ခရ ဆန်းကျမ်း နည်းစနစ်အရ  နာမည်တွေကို အင်္ဂါရပ် ဆယ်မျိုးနဲ့ ဆန်းစစ်နိုင်ပါတယ်။ ဒီလောက်ထိအသေးစိတ်မဟုတ်ပဲ  ….အရေးကြီးတဲ့အချက်နဲ့ ချက်ချင်း အတန်အသင့်  ဆန်းစစ်နိုင်ဖို့ အတွက် ကျွန်တော်လေ့လာခဲ့သလောက် မှတ်ချက်ချရရင်တော့ နာမည်အဖျားစာလုံးကို စစ်ဆေးအကဲဖြတ်ခြင်း နဲ့  ထိရောက်ကြောင်း တွေ့ရှိရပါတယ်။

နာမည်အဖျားစာလုံး (သို့တည်းမဟုတ်) နာမည်တစ်ခုရဲ့ အဆုံးသတ်စာလုံး ကိုကြည့်ရှုပြီးဘာဂြိဟ်ကလွှမ်းမိုးထားသလည်း စတင်ခွဲခြားရပါတယ်။ ပမာအားဖြင့် …အောင်မျိုးမြင့်  ဆိုပါတော့ ။ နာမည်အဖျားစာလုံး ရဲ့ ဗျည်းအက္ခရာဟာ မ …အက္ခရာဖြစ်ပြီး ၊ ယင်းအက္ခရာကို  ကြာသာပတေးဂြိုဟ်က လွှမ်းမိုးထားတာကြောင့် အဆိုပါဇာတာရှင်ကိုလည်း ကြာသာပတေးဂြိုဟ်က  အတိုင်းတာတစ်ခုထိ လွှမ်းမိုးထားမှာဖြစ် ကြောင်း စတင်ပြီး အလွယ်တစ်ကူ ခွဲခြား သိရှိနိုင်ပါလိမ့်မယ်။

ကဲ ဒီလောက်ဆို ကလေးသူငယ်တွေကို နာမည်တွေအရ ဆန်းစစ်ကြည့်နိုင်ပါပြီ။

မိမိတို့ပတ်ဝန်းကျင်မှာရှိနေတဲ့ကလေးသူငယ်တွေမှာ ဆိုင်ရာနာမည်အရ လွှမ်းမိုးထားတဲ့ ကောင်းကင်ဂြိုဟ်တစ်ခုဆီ ရှိကြတယ်ပဲ အလွယ်ဆိုပါစို့ရဲ့။ အဲဒီ့ဂြိုဟ်တောက်ပနေချိန်မှာအားသာနေချိန်မှာ ကလေးမှာလည်း အားသာချိန်ဖြစ်နေပါလိမ့်မယ်။ အဆိုပါကောင်းကင်ဂြိုဟ် အားနဲချိန် ၊ ညှိးနွမ်းနေချိန်မှာ …ဆိုင်ရာကလေးငယ်တွေမှာလည်း အားနည်းညှိးမှိန် သွားတတ်ကြပါတယ်။ အဲဒီ့လိုပဲ ကလေးသူငယ်တွေရဲ့အသက်အပိုင်းအခြားအလိုက်လွှမ်းမိုး ထားတဲ့ဂြိုဟ်က အားသာလာချိန် အားနည်းသွားချိန် လည်း ရှိနိုင်ပါတယ်။

 

ဒီလိုပါပဲ …ကလေးသူငယ်တွေရဲ့ စိတ်နေ စရိုက် ၊ ပြုမူဆောင်ရွက်ပုံ အားလုံးကိုလည်း အဆိုပါကဲ့သို့ လွှမ်းမိုးထားသော ကောင်းကင်ဂြိုဟ်ကနေ (နာမည်အဖျားစာလုံးဂြိုဟ်ကနေ) ..အတိုင်းတာတစ်ခုထိ သက်ရောက်မှု ရှိနေစေပါတယ်။

ဥပမာတစ်ခု ဆိုပါစို့……

နာမည်အဖျားစာလုံး  အင်္ဂါနံ တစ်ခုခုနဲ့ အောင်စိုး ၊ လွင်လွင်စန်း  …စသဖြင့်မှည့်ခေါ်ထားပြီး အင်္ဂါဂြိုဟ် လွှမ်းမိုးမှုခံထားရတဲ့ကလေးသူငယ်လေးတွေ မှာ……စူးစမ်းစိတ်အလွန်များတာ..သူတို့ရဲ့စွမ်းအင်ကို အလွန်ဖော်ထုတ်ပြချင်တာ ၊ စွန်းစားချင်တာ၊ စိတ်မြန်လက်မြန်လုပ်ကိုင်တတ်တာ၊ ကျူးကျော်ရန်စ တတ်တာ စသဖြင့် အချက်ကလေးတွေကို မုချတွေ့ရပါလိမ့်မယ်။

အလွန်တိုးတက်ချင်တဲ့စိတ်ဗီဇ သဘာဝကို အင်္ဂါဂြိုဟ်ကဖြစ်ပွားစေမှာမို့ ..ဒီလိုကလေးငယ် တွေမှာ တိုးတက်ချင်တဲ့ အခြေခံစိတ်ကို နာမည်အရပင်လျှင် ငယ်စဉ်ကတည်းက စတင် တည်ဆောက်နေပြီ ဖြစ်ပါတယ်။ ဒီအချိန်မှာ …ကလေးသူငယ်ရဲ့ နဘေးမှာ ရှိနေတဲ့ ပတ်ဝန်းကျင် အသိုက်အ၀န်း နှင့် လူကြီးမိဘတွေ ၊ ဆရာသမားအကြီးအကဲတွေဟာ အလွန်အရေးကြီးပါတယ်။ ပတ်ဝန်းကျင်ရဲ့ လှုံ့ဆော်မှု ဟာ ကလေးငယ်တွေကို လွှမ်းမိုးထားတဲ့ ဂြိုဟ်ရဲ့ သဘာဝနဲ့ ပေါင်းစပ်ပြီး…..ကလေးငယ်ရဲ့ အနာဂတ်ဘ၀ကို တည်ဆောက်ပေးမှာဖြစ်လို့ပါပဲ။ ခုနက အင်္ဂါဂြိုဟ် လွှမ်းမိုးခံထားရတဲ့ ကလေးသူငယ် မျိုးတွေမှာပဲ ဆက်ကြည့်မယ်ဆိုရင် …

ပတ်ဝန်းကျင် ကောင်း  +  အင်္ဂါဂြိုဟ် = တိုးတက်အောင် စွန့်စားလုပ်ဆောင်မှုများဖြင့် အနာဂတ်ဘ၀ ကိုဖြစ်စေနိုင်ပြီး……

ပတ်ဝန်းကျင် ဆိုး + အင်္ဂါဂြိုဟ်   =  မိုက်ရူးရဲလုပ်ဆောင်မှုများဖြင့် အနာဂတ်ဘ၀  ကို ဖြစ်စေနိုင်လို့ပါပဲ။        

ဒါကြောင့်လည်း အောင်စိုး ဆိုတဲ့ လူသားနှစ်ဦးမှာ  တစ်ဦးက စစ်မှုဆိုင်ရာအရာရှိဖြစ်လာပြီး တစ်ဦးက အရပ်ထဲက အကြမ်းဆုံး လူမိုက် ထောင်ထွက် စသည်ဖြင့် ဖြစ်လာကြတာပါ။

 

ဒီယနေ့ခေတ် ကျွန်တော်တို့တစ်တွေ ဟာ ….အနာဂတ်ကိုတည်ဆောက်ဖန်တီးပေးမယ့်ရင်သွေးငယ်လေးတွေ ဖြစ်လာအောင် မွေးထုတ်ပေးနိုင်ကြဖို့လိုပါလိမ့်မယ်။ ကလေးတစ်ယောက်ကို မွေးထားရုံ ကျွေးထားရုံနဲ့တင်မဟုတ်ပဲ …အချက်ကျကျ ဥာဏ်ရှိရှိ ပြုပြင်ဖန်တီးပေးနိုင်ဖို့လိုပါတယ်။ ဗေဒင်ပညာရပ် နဲ့ ကောင်းကင်ဂြိုဟ်များရဲ့ လွှမ်းမိုးမှုကို ခန့်မှန်းတွက်ဆ သိရှိထားပြီး၊ ဘယ်လိုနာမည်ရှင်ကလေးငယ်ကို ဘယ်လိုအုပ်ထိမ်းပျိုးထောင်ပေးသင့်တယ်ဆိုတာ ဟာ လည်း အနာဂတ်ဘ၀တည်ဆောက်ရေးမှာ အရေးပါတဲ့အချက်ဖြစ်ပါတယ်။ အဓိက သိရှိစေလိုတာကတော့ ကလေးသူငယ်များကိုလည်း ကောင်းကင်ဂြိုဟ်များ က လွှမ်းမိုးထားတယ် ဆိုတာလေးပါပဲ။

 

အားလုံးပဲ ချမ်းမြေ့ကြပါစေ။

ကိုစိုးမိုးထွန်း (ဗေဒင်ပညာသုတေသီ)

 

 
At a Glance...